Pitch Engine
The Times


.

  • Written by Reporters
စင်ကာပူ - Media OutReach - မေ ၃၊ ၂၀၂၂ - ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခင်းအကျင်းများ အတွက် စိန်ခေါ်မှုများတိုးမြင့်လာသော ကာလအတွင်း အကြမ်းဖက်မှု တုံ့ပြန်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတွင်း လုံခြုံရေးစွမ်းရည်များကို မြှင့်တင်ရေးအတွက် ကမ္ဘာအဆင့် နည်းပညာများ ပြသနိုင်ရန် ဖြေရှင်းချက်ပေးနိုင်သူ ဦးရေ ၂၀၀ ကျော်မျှ "Millipol အာရှ-ပစိဖိတ် ၂၀၂၂" သို့ လာရောက်ပူးပေါင်းကြလိမ့်မည်။ ဤအခမ်းအနားကို မရီနာပင်လယ်အော် သောင်ပြင်ရှိ "မရီနာပင်လယ်အော် သောင်ပြင် ပြပွဲနှင့် စုံညီပွဲ စင်တာ" တွင် ၂၀၂၂ခုနှစ် မေ ၁၈ မှ ၂၀ ရက်အတွင်း ကျင်းပမည်။ "Millipol အာရှ-ပစိဖိတ် ၂၀၂၂" မှ ယနေ့ လုံခြုံရေးအဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် အမျိုးသား လုံခြုံရေးနှင့် အများပြည်သူဘေးကင်းရေးကို အစဥ်သဖြင့် စိန်ခေါ်နေသော ဒေသတွင်း အကြမ်းဖက်မှု များဆိုင်ရာ ချိန်းခြောက်မှုများ ဖြစ်ပေါ်စေသည့် မူးယစ်ကုန်သွယ်ခြင်းမှသည် ဆိုင်ဘာမှုခင်းများအထိ အခြေခံပြဿနာရပ်များ အကြောင်းကို သုံးရက်တိုင်တိုင် ဆွေးနွေးကြမည်ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာန၊ စင်ကာပူနှင့် ၄င်း၏ "ပြည်တွင်းအသင်း" များနှင့် ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ တရားဝင်အတည်ပြုပေးထားသော ဤသုံးရက်ကြာ အခမ်းအနားတွင် ပြပွဲများ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ပါဝင်မည်။ စင်ကာပူနှင့် အာရှ-ပစိဖိတ် ဒေသမှ အရေးကြီးကိုယ်စားလှယ် ၂၀၀ကျော်တို့သည် စင်ကာပူတွင်ကျင်းပမည့် ဤအထင်ကရ အခမ်းအနား သို့ တက်ရောက်ရန် စာရင်းပေးသွင်းထားပြီး ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာမှ လူပေါင်း ၈၀၀၀ကျော် ပြပွဲသို့ တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ အရပ်ရပ်တွင် အစိုးရကဏ္ဍ လုံခြုံရေး အေဂျင်စီများနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ အစဉ်မပြတ် တိုးမြင့်လာနေသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်နွယ်သည့် ထိုသူတို့၏ အတွေ့အကြုံများ၊ အကောင်းဆုံး လက်တွေ့နည်းလမ်းများနှင့် ကျွမ်းကျင်မှုများ ဝေမျှကြခြင်းကိုလည်း မြင်တွေ့ရပါမည်။ ထို့ပြင် ရာဇ၀တ်မှုများကို နှိမ်နင်းရန်နှင့် တိုက်ဖျက်ရန်အတွက် နည်းပညာသစ်နှင့် ဆန်းသစ်တီထွင်မှု များကို တိုးမြှင့်အသုံးပြုခြင်းဖြင့် နိုင်ငံတကာအေဂျင်စီများ မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သည်ကိုလည်း ဆွေးနွေးကြမည်။ ပြပွဲအကြောင်း ပြပွဲတွင် သြစတြီးယား၊ သြစတြေးလျ၊ အိန္ဒိယ၊ အစ္စရေး၊ အီတလီ၊ စင်ကာပူ၊ တူရကီ၊ ယူအေအီးနှင့် အမေရိကန်တို့မှ ကုမ္ပဏီပေါင်း ၂၀၀ ‌ကျော်တို့က နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာ အမြောက်အများကို ပြသကြမည်။ အထူးပြသမည့်နည်းပညာများတွင် တီထွင်ဆန်းသစ်သော ထောက်လှမ်းခြင်းနှင့် ဗီဒီယို ခွဲခြမ်းစိတ်ဖြာခြင်းများ၊ သေစေနိုင်သောနှင့် မသေနိုင်သော လက်နက်များ၊ အသိဉာဏ်ရှိ ဒရုန်းများ၊ လေဆိပ်နှင့် အဝင်အထွက်လုံခြုံရေး၊ စက်ရုပ်များ၊ အကာအကွယ်စနစ်များနှင့် ဆက်သွယ်ရေးများ ပါဝင်သည်။ ပြပွဲတင်ဆက်သူများစာရင်း အပါအဝင် "Milipol အာရှ-ပစိဖိတ် ၂၀၂၂" ၏ တရားဝင် လက်ကမ်း စာစောင်ကို ဤနေရာတွင် ရရှိနိုင်သည် - https://www.milipolasiapacific.com/wp-content/uploads/2022/04/Milipol-Asia-Pacific-2022-Brochure.pdfညှိနှိုင်းဆွေးနွေးပွဲအကြောင်း "Milipol အာရှ-ပစိဖိတ် ၂၀၂၂ ညှိနှိုင်းဆွေးနွေးပွဲ" ၏ အာဘော်မှာ 'အများပြည်သူနှင့် အမျိုးသား လုံခြုံရေးအတွက် ကပ်ဘေးအလွန် စိန်ခေါ်မှုများ - ဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်သမား တို့တွင် မည်သူ က ပိုမိုသာလွန်ပါအံ့နည်း။" ဟူ၍ဖြစ်သည်။' ယင်းဆွေးနွေးပွဲ၏ သဘာပတိအဖြစ် စင်ကာပူ ရဲမင်းကြီးဟောင်းနှင့် အင်တာပိုလ် အကြီးအကဲဟောင်း မစ္စတာ Khoo Boon Hui က သဘာပတိ အဖြစ် ဆောင်ရွက်မည်။ ဟောပြောမည့် ပုဂ္ဂိုလ်များမှာ Nigel Ryan (ဩစတြေးလျ ဗဟိုရဲတပ်ဖွဲ့ လက်ထောက်မင်းကြီး)၊ Doug Witschi (အင်တာပိုလ် ဆိုင်ဘာမှုခင်း ချိန်းခြောက်မှု တုံ့ပြန်‌ရေး လက်ထောက်ဒါရိုက်တာ၊ Stephen Cooper (OBE) နှင့် Sean Tan (စင်ကာပူရှိ ပြည်တွင်းအသင်း သိပ္ပံနှင့် နည်းပညာအေဂျင်စီ (HTX) အစီအစဥ်များ၏ လက်ထောက်အမှုဆောင်ချုပ်) တို့ဖြစ်ကြသည်။ SII ဆွေးနွေးပွဲ၏ အာဘော်မှာ "လုံခြုံရေး ၄.၀ နှင့် ယင်း၏ လုပ်ငန်းအပေါ်သက်ရောက်မှုမှာ အဘယ်နည်း" ဖြစ်သည်။ ယင်းသည် ရလဒ်အခြေပြု သဘောတူစာချုပ်များ၊ အရေးပါလာသော နည်းပညာများ၊ လုပ်ငန်းခွင် သင်ယူမှုများ၊ ဆိုက်ဘာနှင့် ပြင်ပလုံခြုံရေးတို့ ဆုံတွေ့ခြင်းများ အစ ရှိသည်တို့၏ လုံခြုံရေးနယ်ပယ်အပေါ် သက်ရောက်မှုများမှ တစ်ဆင့် အရှိန်အဟုန်မြင့်လာသော ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းကို ဆွေးနွေးတင်ပြပါမည်။ PSI ဆွေးနွေးပွဲ၏ အာဘော်သည် "ဆေးဝါးဆိုင်ရာ လုံခြုံမှုအပေါ် စိန်ခေါ်မှုများ - ဒေသဆိုင်ရာ ရှုထောင့်" ဟူ၍ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၊ ဆာနိုဖီ၊ အင်တာပိုလ် ဘဏ္ဍာရေးဆိုင်ရာမှုခင်းအဖွဲ့၊ ကမ္ဘာ့ဓလေ့ထုံးတမ်းများအဖွဲ့နှင့် အခြားအဖွဲ့တို့မှ နယ်ပယ်အလိုက် ကျွမ်းကျင်သူများက အစိုးရအေဂျင်စီများ၊ လုံခြုံရေးအသင်းအဖွဲ့များနှင့် ဆေးဝါး ကုမ္ပဏီများသည် ကုန်ပစ္စည်းများသယ်ယူဖြန့်ဖြူးရေးကို လုံခြုံစေရန်နှင့် အများပြည်သူကျန်းမာရေး ကို ချိန်းခြောက်နေသော ဆေးဝါးအတုပြုလုပ်မှုအပါအဝင် လိမ်လည်မှုများကို လျော့ကျစေရန် အတူ တကွလုပ်ဆောင်နိုင်ပုံနှင့် ပတ်သက်၍ အကောင်းဆုံး လက်တွေ့နည်းလမ်းများနှင့် အတွေ့ အကြုံများ ကို မျှဝေကြလိမ့်မည်။ " Milipol အာရှ-ပစိဖိတ် ၂၀၂၂" သည် ကပ်ဘေးကိုင်တွယ်ဖြေရှင်းမှု၊ ခက်ခဲရှုပ်ထွေးသော ဘေးကင်း ရာရွေ့ပြောင်းမှုများနှင့် အသေခံဗုံးခွဲခြင်း ချိန်းခြောက်မှုများကို ဆွေးနွေးကြမည့်အပြင် ထိပ်တန်း လုံခြုံရေး ဖြေရှင်းချက်အမျိုးမျိုးကို ဆွေးနွေးပေးမည့် အခမဲ့တက်ရောက်နိုင်သော အလုပ်ရုံ ဆွေးနွေးပွဲ များကိုလည်း ကျင်းပပေးမည် ဖြစ်ပါသည်။

The issuer is solely responsible for the content of this announcement.

Source https://www.media-outreach.com/news/singapore/2022/05/03/134962/

hacklink hack forum hacklink film izle hacklink online casinos australiaonwinonline casino australiaGrandpashabetbetwildagen bolabahis sitelerionline casinosonline pokies australiaGalabetjojobetjojobetjojobetstakejojobetjojobetcasibomnakitbahisnakitbahis