ဗီယက်နမ်နိုင်ငံ၏ နိုင်ငံသားမှတ်ပုံတင်ကတ် သန်း(၅၀)အား ချစ်ပ်အခြေပြုသည့် နည်းပညာစနစ်ဖြင့် ထ
- Written by Reporters
ဤစီမံကိန်းကို ဗီယက်နမ်နိုင်ငံ၏ အမျိုးသားမှတ်ပုံတင်ကတ်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးစနစ်များ ပိုမိုကောင်းမွန်စေရန်အတွက် Entrust ကုမ္ပဏီ၏ အဆင့်မြင့် ကတ်ထုတ်ပေးခြင်း နည်းပညာစနစ်များနှင့် MK Group ကုမ္ပဏီ၏ မိမိနိုင်ငံအတွက် သီးခြားလိုအပ်ချက်များကို နက်နဲစွာနားလည်သည့် အသိပညာတို့ကို ပေါင်းစပ်အကောင်အထည်ဖော်ထားခြင်း ဖြစ်သည်။
ဟနွိုင်း၊ ဗီယက်နမ် - Media OutReach - ၂၀၂၁ ခုနှစ်သြဂုတ်လ ၁၉ ရက် - စိတ်ချယုံကြည်ရသည့် အထောက်အထား Identities များ၊ ငွေပေးချေမှုစနစ်များနှင့် အချက်အလက်ကာကွယ်ခြင်းစနစ်တို့အတွက် ဦးဆောင်နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သည့် Entrust ကုမ္ပဏီက MK Joint Stock Company (MK Group) နှင့် နည်းဗျူဟာကျကျ မိတ်ဖက်လုပ်ဆောင်မှုမှတဆင့် ဗီယက်နမ် နိုင်ငံသားမှတ်ပုံတင် (ID) ကတ်များ ချောမွေ့မြန်ဆန်စွာ ထုတ်ပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့ပါသည်။ Entrust နှင့် MK Group တို့မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး အကျုံးဝင်သောနိုင်ငံသားများအား ချစ်ပ်အခြေပြု ID ကတ် သန်း ၅၀ ထုတ်ပေးရန် အဆင့်မြင့်နည်းပညာစနစ်များနှင့် မြေပြင်နည်းပညာပံ့ပိုးမှုတို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
Entrust ၏ ကတ်ထုတ်ခြင်းနည်းပညာစနစ်များနှင့် ဆော့ဝဲစနစ်များက ဗီယက်နမ်နိုင်ငံအခြေစိုက် MK Group ကုမ္ပဏီ၏ မြေပြင်လုပ်ငန်းလည်ပတ်ခြင်းများနှင့် ဒေသဆိုင်ရာ ကတ်ထုတ်ပေးခြင်းလိုအပ်ချက်တို့အပေါ် ကြီးကြပ်လုပ်ဆောင်နိုင်စွမ်းတို့နှင့်အတူ ပထမအသုတ်ထုတ်ပေးမည့် ID ကတ် သန်း ၅၀ အတွက် လူတစ်ဦးခြင်းစီ၏ အချက်အလက်များအား ကတ်ထုတ်ပေးခြင်းကို မြန်မြန်ဆန်ဆန်ဖြင့် အရေအတွက်များများ လုပ်ဆောင်နိုင်စေပါသည်။ ၁၉၉၉ ၊ ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်များက ထုတ်ပေးခဲ့သည့် နံပါတ် ၉ လုံး၊ ၁၂ လုံးနှင့် ဘားကုတ်အခြေပြု နိုင်ငံသားမှတ်ပုံတင်ကတ်စနစ် ပုံစံသုံးမျိုးကို နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းများအတွက် ပိုမိုဘေးကင်းလုံခြုံပြီး၊ အဆင့်အတန်းမီ နည်းပညာစနစ်များ ပါဝင်သည့် ချစ်ပ်အခြေပြု ကတ်အသစ်များဖြင့် အစားထိုးထုတ်ပေးသွားမည်ဖြစ်သည်။
"ဗီယက်နမ်နိုင်ငံ၏ နိုင်ငံသားမှတ်ပုံတင်ကတ်များကို ပိုမိုအဆင့်အတန်းမီ၊ လုံခြုံပြီး ဒစ်ဂျစ်တယ် အဆင့်မြင့်သည့် ကတ်ပုံစံတစ်ခုသို့ အသွင်ပြောင်းရန် ဤနိုင်ငံလုံးဆိုင်ရာ စီမံကိန်းအတွက် နည်းပညာဆိုင်ရာ မိတ်ဖက်ကုမ္ပဏီအဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ပါသည်" ဟု Entrust ကုမ္ပဏီ၏ အာရှပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုဥက္ကဋ္ဌ Angus McDougall က ပြောကြားခဲ့ပါသည်။ "MK Group နဲ့ ဤမိတ်ဖက်ပူးပေါင်း လုပ်ဆောင်မှုဟာ ဗီယက်နမ်နိုင်ငံရဲ့ စိတ်ချယုံကြည်ရတဲ့ Identities အထောက်အထား စနစ်များ၏ အနာဂတ်အတွက် ခိုင်မာတဲ့ခြေလှမ်းတစ်ခုအဖြစ် ကျွန်ုပ်တို့ ရှုမြင်ပါသည်" ဟု ပြောကြား ခဲ့ပါတယ်။
"MK Group ကုမ္ပဏီအနေဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ဆိုင်ရာ ID Application ၊ ဇီဝတိုက်ဆိုင်စစ်ဆေးခြင်းဖြင့် ကတ်ကိုင်ဆောင်သူဟုတ်မဟုတ်စိစစ်နိုင်သည့် biometric authentication application နှင့် ICAO ၏ စံချိန်စံနှုန်းများဖြင့် ကိုက်ညီသည့် Application များစွာ ထည့်သွင်းထားသည့် ရှေ့ပြေးနည်းပညာစနစ်ဖြစ်သည့် multi-application ချစ်ပ်ကတ်ကို မိတ်ဆက်အကောင်အထည်ဖော်ခွင့် ရသည့်အတွက် ဂုဏ်ယူပါတယ်။" "Entrust နဲ့ မိတ်ဖက်လုပ်ဆောင်မှုဟာ ဗီယက်နမ်နိုင်ငံတွင်း လုံခြုံသော အချက်အလက်ကာကွယ်ရေးနှင့် အဆင့်မြင့်နိုင်ငံသားစိစစ်ခြင်းစနစ်များ ပေါ်ထွန်းလာရေးကို အရှိန်အဟုန် မြင့်တင်ရန် တူညီသောမျှော်မှန်းချက်များထားရှိခဲ့ခြင်းကို သိသာထင်ရှားစေပြီး မိမိတို့ ယခုအကောင်အထည် ဖော်သည့်ကတ်စနစ်ဟာ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရေးစီမံကိန်းအတွက် အဓိကကျသော အခန်းကဏ္ဍတစ်ခုဖြစ်လာမည်" ဟု MK Group ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Khang Nguyen က ပြောဆိုပါသည်။ "ဤကတ်ထုတ်ဝေရေး စီမံကိန်းတွင် ဖော်ပြထားသည့် အစိုးရအဆင့် လုံခြုံရေးနှင့် အာမခံချက်များဆိုင်ရာ လိုအပ်ချက်များ ပိုမိုကြီးမားလာသည့်အပေါ် အာရုံစိုက်မှုများအတွက် အဆင်သင့်ဖြစ်ရန် ခိုင်မာပြီး လိုအပ်သလိုစနစ်အားချဲ့နိုင်သည့် နည်းပညာစနစ်များ တပ်ဆင်အသုံးပြု၍ MK Group မှ ကြိုတင်ပြင်ဆင် ထားပါသည်။"
MK Group ၏ လုပ်ငန်းခွဲဖြစ်သော MK Smart မှ Smart Card အတွင်းရှိ ချစ်ပ်၏ Operating System (OS) နှင့် ထည့်သွင်းအသုံးပြုမည့် Applications များကို ICAO ၏ စံသတ်မှတ်ချက်များ၊ နိုင်ငံ၏ လုံခြုံရေးလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရေးဆွဲခဲ့ပါသည်။ ICAO စံနှုန်းများနှင့်ကိုက်ညီသော e-ID အချက်အလက်များ၊ ဇီဝအချက်အလက်များနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့်လက်မှတ်ရေးထိုးခြင်း digital signing လုပ်နိုင်စွမ်းရှိမှုတို့ တွဲဖက်ပေါင်းစပ်ထည့်ထားသော ချစ်ပ်အခြေပြု နိုင်ငံသားမှတ်ပုံတင်ကတ်ကို နိုင်ငံသားများ အတွက် ထောင်ပေါင်းများစွာသော ဝန်ဆောင်မှုများ ပံ့ပိုးပေးနေသည့် အစိုးရနှင့် ပုဂ္ဂလိကပေါ်တယ် အများအပြားအတွင်းသို့ log-in ဝင်ရာတွင် အသုံးပြုသွားမည်ဖြစ်သည်။ နိုင်ငံသားများအနေဖြင့် အစိုးရအဖွဲ့အစည်းများနှင့် ဘဏ်များဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် အတွက် ကတ်ကိုအသုံးပြုနိုင်ပါမည်။
Entrust က ပထမအသုတ် Smart Card သန်း ၅၀ ထုတ်ပေးခြင်း လုပ်ဆောင်နိုင်ရန်အတွက် အရေအတွက်များစွာထုတ်ပေးနိုင်သည့် ကတ်ထုတ်ခြင်းစနစ်များ၊ အရည်အသွေး မြင့်မားသော ကတ်ထုတ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာရှင်များ၏ အထောက်အပံ့ဝန်ဆောင်မှု များကို ပေးအပ်လျက်ရှိပါသည်။
Entrust ကော်ပိုရေးရှင်းအကြောင်း
Entrust သည် ယုံကြည်စိတ်ချရသည့် အထောက်အထား Identities များ၊ ငွေပေးချေမှုစနစ်များနှင့် အချက်အလက်ကာကွယ်ခြင်းစနစ်များဖြင့် ကမ္ဘာကြီးအား ဘေးကင်းလုံခြုံစွာ လှုပ်ရှားလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့ခေတ်တွင် နယ်နိမိတ်များဖြတ်ကျော်ခြင်း၊ ဈေးဝယ်ခြင်း၊ အစိုးရဝန်ဆောင်မှုများအား e-Government စနစ်ဖြင့် ရယူခြင်း (သို့မဟုတ်) ကော်ပိုရိတ်ကွန်ရက်များ အတွင်းသို့ log-in ဝင်ရောက်ခြင်း စသည်တို့အတွက် ပိုမိုလွယ်ကူချောမွေ့ပြီး လုံခြုံစိတ်ချရသည့် လုပ်ဆောင်ချက်များကို တောင်းဆိုလာကြပါသည်။ ထိုသို့ အပြန်အလှန်ချိတ်ဆက်လုပ်ကိုင်ရသော လုပ်ငန်း များ၏အလယ်တွင် Entrust သည် ယှဉ်ပြိုင်၍မရနိုင်သော ကျယ်ပြန့်သည့် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အထောက်အထားထုတ်ပေးရေးနည်းပညာများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ဝန်ထမ်းပေါင်း ၂၅၀၀ ကျော် နှင့်အတူ နိုင်ငံပေါင်း ၁၅၀ ကျော်ရှိ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များနှင့် သုံးစွဲသူများရှိသည့်အတွက် ကမ္ဘာ့ယုံကြည် စိတ်အချရဆုံးအဖွဲ့အစည်းများ၏ ယုံကြည်အားထားမှုကို ကျွနှ်ပ်တို့ရရှိထားသည်ဆိုသည်မှာ အံ့သြစရာမရှိပါ။ Entrust အကြောင်း ပိုမိုသိရှိလိုပါက www.entrust.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
MK Group အကြောင်း
၁၉၉၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ တည်ထောင်ခဲ့သည့် MK Joint Stock Company (Group) သည် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာနည်းပညာစနစ်များ၊ Smart Card ဆိုင်ရာ ကုန်ပစ္စည်းများကို နှစ်ပေါင်း ၂၂-နှစ် ကျော် အတွေ့အကြုံ ရှိထားပြီးဖြစ်ပါသည်။ MK Group ၏ ဆောင်ပုဒ်မှာ "Smart Digital Security" "စမတ်ကျသောဒစ်ဂျစ်တယ်လုံခြုံရေးစနစ်" ဖြစ်ပါသည်။ MK Group သည် အစိုးရအဖွဲ့အစည်းများနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သည့် ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်များရှိ သုံးစွဲသူဖောက်သည်များစွာအတွက် များပြားလှသည့် ထုတ်ကုန်များနှင့် နည်းပညာများ ပံ့ပိုးပေးလျက်ရှိသော ယုံကြည်စိတ်ချရသည့် မိတ်ဖက်တစ်ဦးဖြစ်ရန် အစဉ်ကြိုးစား အားထုတ်လျက်ရှိပါသည်။ MK Group အကြောင်း ပိုမိုသိရှိလိုပါက www.mk.com.vn တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#Entrust #MKGroup