Pitch Engine
Times Advertising


.

  • Written by Reporters
  • Temenos သည် ငွေကြေး အဖွဲ့အစည်းများအား အရွယ်အစား ပြောင်းလဲနိုင်စွမ်း၊ စွမ်းဆောင်ရည်၊ ဒဏ်ခံနိုင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ ပေးရန် Alibaba Cloud နှင့် ပါတနာဖွဲ့လိုက်ပါသည်
  • Temenos သည် ၎င်း၏ ဆော့ဖ်ဝဲကို အကြီးစား အများသုံး ကလောက်ဒ် ပံ့ပိုးသူများအားလုံးအနှံ့သို့ ပေးအပ်ရင်းဖြင့် ကလောက်ဒ်အပိုင်းတွင် ၎င်း၏ ဦးဆောင်နိုင်မှုကို ခိုင်မာစေပါသည်  

 

ဂျနီဗာ၊ ဆွစ်ဇာလန်နှင့် ဟန်ကျိုး၊ တရုတ်နိုင်ငံ - Media OutReach - စက်တင်ဘာလ  ၂၂ ရက်၊ ၂၀၂၀ ခုနှစ် -Temenos (SIX: TEMN) သည် ဘဏ်လုပ်ငန်းသုံး ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်ပြီး Alibaba Cloud သည် Alibaba အုပ်စု၏ ဒစ်ဂျစ်တယ် နည်းပညာနှင့် ဉာဏ်ရည် ကျောရိုးတို့ ဖြစ်ကြပြီး ယင်းလုပ်ငန်းနှစ်ခုတို့က နောက်ထွက်လာမည့် Temenos Transact ခေါ် ဘဏ်ခွဲများနှင့် ချိတ်ဆက်သုံးသည့် ထုတ်ကုန်ကို Alibaba Cloud ပေါ်တွင် သုံးရန် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ငွေကြေး အဖွဲ့အစည်းများသည် Alibaba Cloud ပေါ်တွင် လုပ်ငန်းလည်ပတ်ရန် မဖြစ်မနေသုံးရမည့် စနစ်ကိုပေးစွမ်းသည့် ဘဏ်ခွဲများ ချိတ်ဆက်သုံးသည့် အပလီကေးရှင်းများကို အသုံးပြုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကာ အရွယ်အစား ပြောင်းလဲနိုင်စွမ်းရှိခြင်း၊ စရိတ်နှင့် လုပ်ငန်းလည်ပတ်မှုပိုင်း အချိန်တိုအကျိုးများမှုများမှ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ ဘဏ်များသည် Temenos  ၏ ကမ္ဘာ့ထိပ်တန်း ဘဏ်လုပ်ငန်းသုံး ဆော့ဖ်ဝဲကို စွမ်းအားမြင့်မားသော Alibaba Cloud ၏ အခြေခံအဆောက်အအုံပေါ်တွင် အလွယ်တကူ သုံးနိုင်ကြပြီဖြစ်သည်။

 

ကမ္ဘာတခွင်ရှိ ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းပေါင်း ၃,၀၀၀ ကျော်သည် အကျိုးဖြစ်ထွန်းမှု အမြင့်ဆုံးရရှိရန် Temenos ၏ ခေတ်မီမှု၊ ကလောက်ဒ်စစ်စစ် နည်းပညာ၊ API-ပထမဆုံးနည်းပညာကို အသုံးပြုလျက်ရှိသည်။ ယခုအခါ ဘဏ်များသည် Temenos ၏ ဘဏ်ခွဲများ ချိတ်ဆက်သုံးနိုင်သော ဆော့ဖ်ဝဲကို Alibaba Cloud တွင် သုံးစွဲနိုင်ပြီဖြစ်ပြီး စျေးကွက်အတွက် အရှိန်မြန်ခြင်းနှင့် ကလောက်ဒ်၏ လျင်မြန်သွက်လက်ခြင်းတို့၏ အကျိုးကျေးဇူးကို ရရှိနိုင်ပြီဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းပုံစံများနှင့် ခြုံ၍ဆိုရသော် ၎င်းတို့၏ အဖွဲ့အစည်းကို လျင်မြန်စွာ ဆန်းသစ်တီထွင်မှု ပြုနိုင်စေမည်ဖြစ်သည်။

 

ဘဏ်များသည် ပို၍ ဒဏ်ခံနိုင်သော၊ သွက်လက်ပေါ့ပါးသော နည်းပညာ အဆိုပြုချက်များ ပိုမိုလိုအပ်လာစဉ်တွင်ပင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကလောက်ဒ် (Cloud) အခြေပြုနှင့် SaaS  မော်ဒယ်များအတွက် တိုးလာသော ဝယ်လိုအားသည် အရှိန်မြင့်တက်လျက်ရှိသည်။ ‌ ကလောက်ဒ် (Cloud) သည် အနည်းဆုံးသော အိုင်တီအခြေခံ အဆောက်အအုံအတွက်သုံး စရိတ်ဖြင့် အမြန် လုပ်ငန်းစတင်ရန်လိုအပ်သည့် ပိုသေးငယ်သောဘဏ်များနှင့် အွန်လိုင်းသီးသန့်သာ ဝန်ဆောင်မှုပေးသော ဘဏ်များအတွက် ဆော့ဖ်ဝဲ ထိထိရောက်ရောက် အသုံးချခြင်းကို ခိုင်မာစေသည့် နည်းလမ်းဖြစ်လာသည်။ ထို့ပြင်  လက်ရှိလည်ပတ်လျက်ရှိသော ဘဏ်များအဖို့မူ ၎င်းတို့၏ လုပ်ငန်းအနာဂတ်တွင် ခေတ်နောက်မကျန်စေရန်၊ စျေးကွက်ကို ပိုအရှိန်မြန်မြန် ရရှိရန်တို့အပြင် အိုင်တီပိုင်း ရှုပ်ထွေးမှုနှင့် စရိတ်များကို လျှော့ချရန် ကလောက်ဒ် နည်းပညာစစ်စစ် ဆော့ဖ်ဝဲ လိုအပ်မှု မြင့်မားလာသည်။

 

Temenos ၏ ဘဏ်ခွဲအားလုံးချိတ်ဆက်သုံးစနစ် ဆော့ဖ်ဝဲကို ယခု အခါ Alibaba Cloud ပေါ်တွင် ရနိုင်တော့မည်ဖြစ်ပြီး ဘဏ်များအနေဖြင့် စျေးကွက်သို့ ပိုမြန်မြန်ဆန်ဆန် ရောက်ရှိရန်၊ လုပ်ငန်းပုံစံသစ်များဖွင့်လှစ်ရန်နှင့် ဘဏ်လောကတွင် စရိတ်/ဝင်ငွေအချိုး၌ ဦးဆောင်နိုင်ရေးတွင် အောင်မြင်အောင် ဤကုမ္ပဏီနှစ်ခုက လက်တွဲ ကူညီသွားကြမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုသည် ဘဏ်များနှင့် အယူအဆသဘောထား တည်ဆောက်အကောင်အထည်ဖော်ခြင်းနှင့် APAC တွင် ပူးတွဲဖောက်သည်များထားရှိရေးတို့ကို  ကတိကဝတ်ပြုပြီးဖြစ်သည်။

 

ဖိလစ် ဘားနတ်၊ ဒါရိုက်တာ၊ မဟာဗျူဟာမြောက် တိုးတက်ရေး၊ Temenos က ပြောကြားသည်မှာ "ကလောက်ဒ်မှာ ကျွန်ုပ်တို့ရဲ့ ဦးဆောင်နိုင်မှုကို ချဲ့ထွင်ရခြင်းနဲ့  နည်းပညာ လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး အီလက်ထရောနစ်သုံး ကူးသန်းရောင်းဝယ်ရေးနဲ့ မိုဘိုင်းသုံး ငွေပေးချေမှုများမှာ သူတို့ရဲ့ ဦးဆောင်နိုင်စွမ်းကြောင့် ရှေ့ပြေးနေတဲ့ ဆန်းသစ်တီထွင်မှု ရင်းမြစ်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရတဲ့ Alibaba Cloud  ကို အသိအမှတ်ပြုပေးရတဲ့ ပထမဆုံးအဖွဲ့အစည်းဖြစ်ရခြင်းကို ဝမ်းမြောက်မိပါတယ်။ ကလောက်ဒ်ဟာ ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် စိန်ခေါ်မှုကြုံနေရတဲ့ ဒီကာလအတွင်းမှာပေါ့ - ဒီကနေ ငွေကြေးအဖွဲ့အစည်းတွေဟာ သူတို့လိုအပ်တဲ့ လျင်မြန်သွက်လက်မှုနဲ့ ဒဏ်ခံနိုင်မှုကို ပေးစွမ်းပါတယ်။ Alibaba Cloud နဲ့အတူ လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်မှုပေါ် မူတည်ပြီး အရွယ်အစားပြောင်းလဲနိုင်ဖို့နဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရှုပ်ထွေးမှုများကို ဖယ်ရှားပစ်ဖို့ ဘဏ်တွေကို ကူညီပေးပါလိမ့်မယ်။ ကျွန်ုပ်တို့ အတူတကွ လက်တွဲပြီး ဒီလောကထဲ ဝင်လာတဲ့လုပ်ငန်းသစ်တွေကို ပိုနည်းပါးတဲ့ စရိတ်စကနဲ့ လုပ်ငန်းစတင်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်တဲ့အပြင် အကြီးစား ဘဏ်တွေကိုလည်း သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းနိုင်အောင်၊ အဖွဲ့အစည်းအတွင်းရော၊ အပြင်ပါ ပူးပေါင်းဆောင်ရွက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ Alibaba Cloud အပေါ် ကျွန်ုပ်တို့ရဲ့ အသိအမှတ်ပြုမှုဟာ လုပ်ငန်းအိုင်တီစနစ်ကို မထိခိုက်စေတဲ့ ကျွန်ုပ်တို့ရဲ့ ကလောက်ဒ်သုံး ဘဏ်လုပ်ငန်းပလက်ဖောင်းဟာ ကလောက်ဒ်မျိုးစုံသုံး မဟာဗျူဟာတစ်ခု ထွက်ပေါ်လာစေနိုင်ပြီး သူတို့ရွေးချယ်တဲ့ ကလောက်ဒ် ပံ့ပိုးပေးသူနဲ့အတူ နှစ်ဖက်စလုံး ဒဏ်ခံနိုင်စွမ်းအမြင့်မားဆုံး အဆင့်ကို ရရှိစေနိုင်တယ်ဆိုတာကို ဖော်ပြပါတယ်။"

လန်ဆီလော့တ် ဂူအို၊ ဂေဟစနစ်နှင့် အရောင်း အော်ပရေးရှင်းများ ဥက္ကဋ္ဌ၊ Alibaba Cloud Intelligence- "ကျွန်တော်တို့ရဲ့ ကလောက်ဒ်ကို Temenos က အသိအမှတ်ပြုပေးတာ ကျွန်တော်တို့ ဝမ်းသာပါတယ်။ Temenos ဟာ စျေးကွက်မှာ ဦးဆောင်နေတဲ့၊ ကလောက်ဒ် စစ်စစ် နည်းပညာရှိ ဘဏ်လုပ်ငန်းသုံး ဆော့ဖ်ဝဲ ပံ့ပိုးပေးသူဖြစ်ပြီးတော့ ကမ္ဘာအနှံ့မှာရှိတဲ့ ငွေကြေးအဖွဲ့အစည်း ထောင်ပေါင်းများစွာကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းဖို့ အရှိန်အဟုန်မြှင့်ပေးနေသူဖြစ်ပါတယ်။ ကျယ်ပြန့်စုံလင်တဲ့ ကိရိယာစုံပါဝင်တဲ့ ကျွန်တော်တို့ရဲ့ ကလောက်ဒ် ဝန်ဆောင်မှုတွေကို ပေါင်းစပ်လိုက်ခြင်းနဲ့ ဝန်ဆောင်မှုပေးနေတဲ့ သက်သေပြနိုင်တဲ့ လမ်းကြောင်း မှတ်တမ်းတစ်ခုတို့ကြောင့် ကျွန်တော်တို့ဟာ ငွေကြေးအဖွဲ့အစည်းတွေကို ကလောက်ဒ်ပေါ်မှာ သူတို့ တိုးတက်အောင်၊ ဆန်းသစ်တီထွင်မှုရှိအောင် အရှိန်မြှင့်ပေးရင်း  သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတို့ကို ကျွန်တော်တို့ က အတူတကွ မြှင့်တင်ပေးပါမယ်။"

Temenos သည် ခေတ်ရှေ့ပြေးသော ဆော့ဖ်ဝဲ ဆန်းသစ်တီထွင်မှုဖြစ်ပြီး R&D  တွင် ၎င်း၏ ဝင်ငွေကို အစဉ်တစိုက် ၂၀% ရင်းနှီးမြှုပ်နှံကာ ပြီးခဲ့သော ၁၀ နှစ်ကြာအောင် ကလောက်ဒ် နည်းပညာသုံး ဘဏ်စနစ်ဆောင်ရွက်မှုတွင် ရှေ့ဆုံးမှ စွန့်ဦးတီထွင်သူဖြစ်သည်။ Temenos သည် ကလောက်ဒ်တွင် ဘဏ်ခွဲများချိတ်ဆက်ဆောင်ရွက်ပေးနိုင်သော ထုတ်ကုန်ကို ပေးရန် ပထမဆုံး ဘဏ်လုပ်ငန်းသုံး ဆော့ဖ်ဝဲကို ပံ့ပိုးပေးသူဖြစ်ခဲ့ပြီး ကလောက်ဒ်တစ်ခုမှ အခြားကလောက်ဒ်တစ်ခုသို့ ပို့ခြင်း၊ လုပ်ငန်းမလည်ပတ်နိုင်ချိန်ကို မရှိစေရန်နှင့် ကလောက်ဒ် ပံ့ပိုးပေးသူတစ်ဦးတည်းအပေါ် မှီခိုအားကိုးနေရခြင်းတို့ ကင်းဝေးစေရန် နှစ်ဦးနှစ်ဖက်လုံး ဒဏ်ခံနိုင်သော ကလောက်ဒ်မျိုးစုံသုံးခြင်းတို့ကို ပထမဆုံး ဝန်ဆောင်မှုပေးသူဖြစ်သည်။ Temenos သည် ကလောက်ဒ် အရွယ်အစားကို ပြောင်းလဲနိုင်ခြင်း၊ ဖြန့်ဝေထားသော ကလောက်ဒ်နည်းပညာနှင့် ကလောက်ဒ်မျိုးစုံ သုံး၍ရခြင်း၊ ဝယ်သူများ၏ အကျိုးကျေးဇူးနှင့် ပလက်ဖောင်း၏ လွတ်လပ်မှုတို့အားဖြင့် အခြေခံလိုအပ်သည်များအားလုံး ပံ့ပိုးပေးထားခြင်းတို့ကြောင့် ဘဏ်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုအတွက် စုစုပေါင်း စရိတ်စကများကို သိသာစွာ လျှော့ချနိုင်စေသည်။ Temenos သည် ပိုမိုသွက်လက်ပေါ့ပါးပြီး ဆန်းသစ်တီထွင်မှု ပိုမြန်ဆန်လာအောင် ဘဏ်များကို ကူညီပေးရင်းဖြင့် ၎င်းတို့အား ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတွင် အရှိန်မြှင့်တင်ပေးပါသည်။

Alibaba အကြောင်း

Alibaba Cloud (www.alibabacloud.com) ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Alibaba  အုပ်စု၏ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည် ကျောရိုးဖြစ်ကာ Gartner ၏ ဖော်ပြချက်အရ ကမ္ဘာ့ထိပ်တန်း IaaS ပံ့ပိုးသူသုံးဦးအနက်တွင် ပါဝင်ကာ IDC ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံတွင် အများသုံး ကလောက်ဒ်ဝန်ဆောင်မှုများအနက် အကြီးမားဆုံး ဝန်ဆောင်မှုပေးသူဖြစ်သည်။ Alibaba Group စျေးကွက်နေရာများတွင် ကုန်သည်များက လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ လုပ်ငန်း စစတ်ငခြင်းများ၊ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် အစိုးရ အဖွဲ့အစည်းများအပါအဝင် Alibaba Cloud သည် ကမ္ဘာအနှံ့ရှိ လုပ်ငန်းများအတွက် ကလောက်ဒ် ကွန်ပျူတာစနစ်သုံး ဝန်ဆောင်မှုများကို ပြည့်စုံကျယ်ပြန့်စွာ အတွဲလိုက် ပံ့ပိုးပေးသည်။ Alibaba Cloud သည် နိုင်ငံတကာ အိုလံပစ် ကော်မတီ၏ တရားဝင် ကလောက်ဒ် ဝန်ဆောင်မှုများပေးသည့် ပါတနာဖြစ်သည်။

Temenos အကြောင်း

Temenos AG (SIX: TEMN) သည် ကမ္ဘာ့ရှေ့ဆောင် ဘဏ်လုပ်ငန်းသုံး ဆော့ဖ်ဝဲဖြစ်သည်။ ထိပ်တန်း ဘဏ် ၅၀ စာရင်းဝင်အနက်မှ ၄၁ ဘဏ်အပါအဝင် ကမ္ဘာတလွှားရှိ ဘဏ်ပေါင်း ၃,၀၀၀ ကျော်သည် နေ့စဉ် ငွေပို့ငွေလွှဲနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဖောက်သည်ပေါင်း သန်း ၅၀၀ ကျော်နှင့် အပြန်အလှန်ဆက်သွယ်ခြင်းများနှစ်မျိုးလုံးကို စီမံဆောင်ရွက်ရာတွင် Temenos ကို မှီခိုအားထားရပါသည်။ Temenos သည် ဘဏ်များကို အခက်အခဲမရှိ၊ ချောမွေ့သော ဈေးဝယ်အတွေ့အကြုံကို ဖောက်သည်များအား ပေးရန်နှင့် လုပ်ငန်းလည်ပတ်မှုပိုင်းတွင် အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်နိုင်စေခြင်းအားဖြင့် စစ်မှန်သော ကလောက်နည်းပညာ၊ ကလောက်ဒ်ပလက်ဖောင်းများအကြား ဒေတာနှင့် အလုပ်ဝန်ထုပ်များ အလွယ်တကူ ရွှေ့ပြောင်းခြင်းနှင့် AI-သုံး မောင်းနှင်လည်ပတ်သော ဖောက်သည်နှင့်တိုက်ရိုက် ဆက်ဆံရသည့် ရုံးပိုင်းဆိုင်ရာ၊ ချိတ်ဆက်ထားသော ဘဏ်ခွဲများအားလုံးနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုပေးနိုင်သော ဘဏ်စနစ်၊ ငွေပေးချေမှုများနှင့် ငွေကြေးပိုင်း စီမံကွပ်ကဲရေး ဝန်ဆောင်မှုများကို ပေးပါသည်။

 

Temenos  ဆော့ဖ်ဝဲသည် ၎င်း၏ ထိပ်တန်း စွမ်းဆောင်ရည်ရှိနေသော ကလိုင်းယင့်များကို စရိတ်နှင့် ဝင်ငွေအချိုးကို ဘဏ်လုပ်ငန်းလောကရှိ ပျမ်းမျှ၏ တစ်ဝက် 26.8% နှင့် အရင်းအနှီးအပေါ် အကျိုးအမြတ်ပြန်ရမှုသည် ဤလုပ်ငန်းလောက၏ ပျမ်းမျှတန်ဖိုး၏ သုံးဆဖြစ်သော၂၉%  ရရှိအောင်မြင်အောင် လုပ်ဆောင်နိုင်စေခဲ့ခြင်းဖြင့် သက်သေပြထားပါသည်။ ယင်းကလိုင်းယင့်များသည် တိုးတက်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးပိုင်းအတွက် ၎င်းတို့၏ အိုင်တီဘတ်ဂျက်ကို ၅၁% ရင်းနှီးမြှုပ်နှံကြသည်။ ယင်းက ဤလုပ်ငန်းလောကတွင် နှစ်ဆသုံးခြင်းဖြစ်ကာ ဘဏ်များ၏ အိုင်တီပိုင်း ရင်းနှီးမြှုပ်နှံမှုသည် ၎င်းတို့၏ လုပ်ငန်းအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော တန်ဖိုးကို ပေါင်းထည့်လိုက်ခြင်းဖြစ်ကြောင့် သက်သေပြနိုင်စေပါသည်။

 

နောက်ထပ် အချက်အလက်များအတွက် ကျေးဇူးပြု၍  www.temenos.com ကို ဝင်ကြည့်ပေးပါ။

Source http://www.media-outreach.com/release.php/View/48168#Contact

hacklink hack forum hacklink film izle hacklink testsahabetonwinpadişahbetgalabet girişTophillbetTophillbetNon GAMSTOP Casino UKCasinos Not on GAMSTOPDeneme Bonusu Veren SitelerUK casinos not on Gamstopjojobetonline casinos australiaonline casinosonline casino australianot on GamStopSites Not on GamStopjojobetcasibomjojobetdeneme bonusu veren sitelermeritkingcasibomjojobetjojobet